နောက်ဆုံးရသတင်းများ

ပဲခူးမြို့၊ သမိန်ဗရမ်းလမ်း တိုးချဲ့နေမှုနှင့် စက်မှုဇုန်၊ ငုဝါလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ဝန်ကြီးချုပ်ကွင်းဆင်းကြည့်ရှု စစ်ဆေး

FI

ဧပြီ ၂၃ (ပဲခူး) =============           ဧပြီလ (၂၃)ရက်နေ့၊ နံနက် (၁၁)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ပဲခူးမြို့၊ သမိန်ဗရမ်းလမ်း တိုးချဲ့နေမှုနှင့် ရဲတပ်ရင်းရှေ့မှ လေဆိပ်အထိ စက်မှုဇုန်ပတ်လမ်း (ငုဝါလမ်း) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လက်ထောက်အင်ဂျင်နီယာ ဦးဇော်နိုင်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ သမိန်ဗရမ်းလမ်းအား တင်ဒါစနစ်ဖြင့် ဆဲဗင်းဆဲဗင်းဝမ်း(771) ကုမ္ပဏီမှ တည်ဆောက်နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က လမ်းဧရိယာများ တိုးချဲ့ဆောင်ရွက်ရာတွင် လမ်းတစ်လျှောက် ညီညာပြန့်ပြူးမှု၊ လမ်းဘေးဝဲယာနှင့် တံတားများအား ရေကျော်ပျက်စီးမှုမရှိစေရေး ရေနှုတ်မြောင်းအား စနစ်တကျ ဆောင်ရွက်ရန်၊ အဝင်လမ်းအား လမ်းဧရိယာအပြည့် ချဲ့ခင်းရန်၊ ရေနှုတ်မြောင်းအဖုံးများကို ဘတ်ဂျတ်ရရှိမှုအပေါ်မူတည်ပြီး …

Read More »

နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နှင့် မြန်မာနှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် ဆိုင်းဘုတ်တင်အခမ်းအနား ပဲခူးမြို့တွင်ကျင်းပပြုလုပ်

FI

ဧပြီ ၂၂ (ပဲခူး) ================================== ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းအနောက်ဘက်ထိပ်၊ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုအနီး၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် အထွေထွေရောဂါကုဆေးရုံကြီးလမ်းထောင့်တွင် ဧပြီလ(၂၂)ရက်နေ့ နံနနက်(၇:၃၀)နာရီအချိန်က နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် မြန်မာနှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နှင့် မြန်မာနှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် ဆိုင်းဘုတ်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဗဟိုအမျိုးသမီးကော်မတီ ဥက္ကဌ ဒေါက်တာဒေါ်မေဝင်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးနှင့် ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဒန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ အဆိုပါ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် မြန်မာနှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုထောက်ခံသသည့် ဆိုင်းဘုတ်တင် အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်၍ပြုလုပ်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ၊ ဥပဒေချုပ်၊ လွှတ်တော်ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပါတီဥက္ကဌများနှင့် …

Read More »

ပြည်ထောင်စုနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် ရေပေးရေးလုပ်ငန်းစဉ်များ တင်ဒါဖွင့်ပွဲကျင်းပပြုလုပ်

FI

ဧပြီ ၂၀ (ပဲခူး) ================================= ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှုးရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၀)ရက်နေ့ နံနက်(၈) နာရီအချိန်က ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် ရေပေးရေးလုပ်ငန်းစဉ်များ တင်ဒါဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးသိန်းက ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလ(၆)လအထိ ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ တင်ဒါခေါ်ယူပြီးဖြစ်သောကြောင့် ကုမ္ပဏီများ ရှေ့မှောက်တွင် နည်းပညာအဆိုပြုလွှာနှင့် စျေးနှုန်းအဆိုပြုလွှာ ဖွင့်ဖေါက်စိစစ်မည့်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလ (၆)လအထိ ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ကျေးလက်ရေရရှိရေး လုပ်ငန်းများအား အိတ်ဖွင့်တင်ဒါတင်သွင်းသော …

Read More »

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ထောက်ပံ့ငွေပေးအပ်

FI

ဧပြီ ၁၈ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းဌေးအောင်၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ဧပြီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက နတ်တလင်း မြို့နယ်နှင့် ပေါင်းတည်မြို့နယ်များ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များမှ ပြည်သူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌   ဧပြီလ (၁၆)ရက်နေ့ လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်သည် မျှော်မှန်း၍မရသော်လည်း ထိခိုက်ခံရမှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီမံထား၍ ရရှိပါကြောင်း၊ နှစ်စဉ် …

Read More »

နှစ်သစ်မင်္ဂလာ အခါသမယတွင် သက်ကြီး၊ ဝါကြီး၊ ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၁၇ (ပဲခူး) ================================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ၁၃၈ဝခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ၂၀၁၈ခုနှစ် ဧပြီလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသည့် နှစ်သစ်မင်္ဂလာအခါသမယတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သက်ကြီး၊ ဝါကြီး၊ ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးအုန်းမြင့်က နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် မြန်မာနှစ်ဆန်း(၁)ရက်နေ့သည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် မင်္ဂလာရှိပြီး လန်းဆန်းသစ်လွင်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ အဆိုပါ နေ့ထူးနေ့မြတ်မှာ “ဂါရဝေါစ”ဆိုသည့် မင်္ဂလာတရားတော်နှင့်အညီ ရိုသေသင့်ရိုသေထိုက်သူများ၊ ပူဇော်သင့်ပူဇော်ထိုက်သူများကို ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း၊ မြန်မာယဉ်ကျေးမှုနယ်ပယ်မှာ ကြီးသူကိုရိုသေ၊ ရွယ်သူကိုလေစား၊ ငယ်သူကိုသနား ဆိုသည့်စကားနှင့်အညီ မိမိထက်အသက်အရွယ် ကြီးမားပြီး အတွေ့အကြုံရင့်ကျက်သည့် အဘိုးအဘွားများကို ယနေ့ပူဇော်ကန်တော့ခြင်းသည် ကုသိုလ်ကြီးမားပြီး မင်္ဂလာရှိသည့် အစဉ်အလာတစ်ခုလည်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့်အညီ အဘိုးအဘွားများသည် မိသားစုနှင့် …

Read More »