Home / 2022 / November (page 2)

Monthly Archives: November 2022

အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၂ ===========        ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပညာရေးစနစ်သစ်ဖြစ်သည့် KG+12ကို ပြောင်းလဲခဲ့တာ လာမည့်ပညာသင်နှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်မှာ Grade-9နှင့် Grade-12 စနစ်သစ်ကြီးတစ်ခုလုံးကို သင်ရိုးသစ်များနှင့် ပြောင်းလဲနိုင်တော့မှာဖြစ်ကြောင်း၊ သင်ကြားသင်ယူမှု ဖြစ်စဉ်အရ တီထွင် ဖန်တီးသည့်အဆင့်ရောက်ရှိအောင် သင်ကြားပေးနိုင်ရန် ယခုလိုသင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချမှုသည် အင်မတန် အရေးကြီးသည့် အချက်တစ်ခုဖြစ်ကြောင်း၊ သင်ယူမှူဖြစ်စဉ် သင်ယူမှုတြိဂံအရ (Practice doing) လို့ခေါ်သည့် လေ့ကျင့်လုပ်ဆောင်ခြင်းကြောင့် သင်ယူမည့် အကြောင်းအရာ၏(၇၅%)ကျော်ကို ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်သများက ရရှိကြမှာဖြစ်သည့်အတွက် စနစ်သစ်ပညာရေး၏ …

Read More »

မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၁ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးကောက်ယူခြင်း ဆိုင်ရာအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး နောက် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်များ စနစ်တကျမရှိခြင်း၊ နိုင်ငံသား ကတ်များ ဖောင်းပွခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ရ ကြောင်း၊ နောင်လာမည့်ရွေးကောက်ပွဲတွင် အိမ်ခြေအိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Server မှ ပြန်လည်ထုတ်ယူပြီး မြေပြင်အခြေအနေ အမှန်နှင့် တိုက်ဆိုင်စစ်ဆေးသွားရမှာဖြစ်ကြောင်း၊ တိုက်ဆိုင်စစ်ဆေးပြီးသည့် …

Read More »

၂၀၂၂ ခုနှစ်၊ ဒဿမအကြိမ်မြောက် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၁ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲအား နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွှေမော်ဓောဂေါပကအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့(၁၃)မှ ဖိတ်ကြားထားသူများ၊ မြို့မိ/မြို့ဖများ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အဦများတွင် သက်တော်ကြီးရင့်တော်မူကြသည့် ဆရာတော် ကြီးများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုး/ဘွားများ၊ မသန်စွမ်းများ သက်တောင့်သက်သာ သွားလာနိုင်ရေး ရွေ့လျားစက်လှေကား၊ ဓါတ်လှေကားနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သလို မြို့မိ/ မြို့ဖများ၊ …

Read More »

ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၁၀ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား/သူများ လမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော်နှင့် ပေါင်းစည်း ဖြစ်တည်နေသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင် လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် သေတပန် သက်တစ်ဆုံး အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွ လက်တွဲ ပူးပေါင်းနေထိုင်သွားကြမည်ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ ကိန်းအောင်းနေရမှာဖြစ်သလို ရောက်ရှိရာဒေသမှာလည်း ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်း၌ အခြားပြည်နယ်/ တိုင်းဒေသကြီး အသီးသီးက …

Read More »

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဓါတ်လှေကားတပ်ဆင်ပြီးစီး ဖွင့်လှစ်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၉ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍  စေတနာရှင်ပြည်သူများနှင့် စုပေါင်းကာ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတို့၌ တပ်ဆင်ခဲ့သည့် ဓါတ်လှေကားနှင့် ဘက်စုံပြုပြင်မွမ်းမံ ခဲ့ခြင်းတို့အတွက် နိုဝင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းက ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားအား အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဗုဒ္ဓအသံဓမ္မဗိမာန် တော်ကြီးတွင် တပ်ဆင်ပြီးစီးခဲ့သည့် ဓါတ်လှေကားရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကြွရောက်လာ သည့် ဩဝါဒစရိယ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာအား ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်လှေကားကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။           ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ တက်ရောက် လာသည့် ဆရာတော်များနှင့် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက …

Read More »

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူး နိုဝင်ဘာ ၇ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာလ(၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းတွင် တန်ဆောင်တိုင်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖများ ပူးပေါင်း၍ တန်ဆောင်းမုန်းလပြည့်နေ့ တွင် ဗုဒ္ဓအသံသာသနာ့ဗိမ္မာန်အရှေ့ စတုဒီသာမဏ္ဍပ်၌ ဘုရားဖူးလာပြည်သူများ၊ MSMEs ဈေးရောင်းပွဲ တော်လာ ပြည်သူများ၊ တန်ဆောင်တိုင်ပွဲသို့ လာရောက်သည့် ပြည်သူများ စုစုပေါင်း လူဦးရေ(၁)သောင်း စတုဒီသာကျွေးမွေးနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ထို့နောက် ညပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချု်ပနှင့်အဖွဲ့သည် နိုင်ငံကျော် အဆိုတော်များနှင့် တေးဂီတဖျော်ဖြေ တင်ဆက်နေမှုများ ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။           ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓော်စေတီတော်မြတ်ကြီးတွင်း ရွေ့လျား စက်လှေကားဖွင့်ပွဲနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၆ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓော်စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၌ တပ်ဆင်ခဲ့သည် ရွေ့လျားစက်လှေကား ဖွင့်ပွဲနှင့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတို့အား  နိုဝင်ဘာလ(၆)ရက်နေ့၊ ညနေပိုင်းက အဆိုပါစေတီတော်၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကြွရောက်လာသည့် ဩဝါဒစရိယ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာအား ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီချုပ်က စက်လှေကားစတင် မောင်းနှင်နိုင်ရေး စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည် များ ပတ်ဖြန်းပေးခဲ့ကြသည်။           ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကြွရောက်လာသည့် ဆရာတော်များနှင့် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၆ ========== ပဲခူမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ MSME Agency မွ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ် ပေးသည့် MSMEs ဒေသထုတ် ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲနှင့် Talk Show စကားဝိုင်းများ ပြုလုပ်ပေးခြင်း အားဖြင့် MSMEs စီးပွားရေးလုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို သိရှိပြီး လိုအပ်သည့်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားဖြစ်သော MSMEs လုပ်ငန်းအရေအတွက်မှာ စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ (၉၉%) ဖြစ်ကြောင်း၊ MSMEs …

Read More »

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရဲဗလတံဆိပ် ချီးမြှင့်အပ်နှင်း ခြင်းခံရသူ (၂၆)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆင့်ချီးမြှင့်ဂုဏ်ပြု

ပဲခူး နိုဝင်ဘာ ၄ ===========================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရဲဗလဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)တွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဌာနဆိုင်ရာဝန်ထမ်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ်ချီးမြှင့်ခံရသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)(၁)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၁)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၈)ဦးနှင့် ရာအိမ်မှူး(၁၆)ဦး၊ စုစုပေါင်း(၂၆)ဦးအား ဆုတံဆိပ်များ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဒွါဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၃ ========= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဒွါဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပ ပြုလုပ်သည်။ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် များ၊ တိုင်းသံဃနာယအဖွဲ့ ဆရာတော်များ၊ တိုင်းဘ/ကဥက္ကဌဆရာတော်နှင့် မြို့နယ်သံဃနာယက ဆရာတော်များ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှဆရာတော်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော် သြဝါဒါစရိယ ပဲခူးမြို့မစာသင်တိုက်ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ယင်းနောက်  နိုင်ငံတော်သြဝါဒါစရိယ ပဲခူးမြို့မစာသင်တိုက်ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် …

Read More »