Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 77)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ တိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ရွှေညီအကိုအသင်းနှင့် ကဝမြို့မအသင်းတို့ ဘော်လီဘော ဗိုလ်လုပွဲ ယှဉ်ကစား နေမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင် ရိုက်အကြီးတန်း နှစ်ယောက်တွဲပြိုင်ပွဲ၊ ကြက်တောင်ရိုက် အကြီးတန်းတစ်ဦးချင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက် အငယ်တန်းတစ်ဦးချင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဥပဒေချုပ်နှင့် ဝန်ကြီးများက ငွေသားဆုများ အသီးသီးချီးမြှင့်ကြသည်။ ထို့နောက် ဘော်လီဘောပြိုင်ပွဲတွင် …

Read More »

ပဲခူးတိုင်းဒေသကြီး(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀) နာရီအချိန်က (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပ ပြုလုပ်သည်။      အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများ၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ် အလံတင်တပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့တို့ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ ဦးဆောင်သော အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။      ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် တတိယနေ့ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၃ ===============       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အ‌နောက်ဘက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်းတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့ ညပိုင်းအချိန်က နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင် တတိယနေ့ ကျင်းပပြုလုပ်သည်။       အဆိုပါ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများ၊ တရားနာ ပရိတ်သတ်များ လာရောက်ကြပြီး ပဲခူးမြို့ သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တသုန္ဒရဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။      ထို့နောက် သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ ဓဇဓမ္မာစရိယ  ဘဒ္ဒန္တသုန္ဒရ ဆရာတော်က …

Read More »

စနစ်ကျသည့် စက်မှုနယ်မြေများ ပေါ်ထွက်လာစေရေး Town Plan ရေးဆွဲရာတွင် မြေနေရာ ထည့်သွင်းသတ်မှတ်ထားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူး ဇန်နဝါရီ ၃ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်ယာမြေမှအပ ဥယျာဉ်ခြံမြေများ၊ ကိုင်းမြေများ၊ ယာမြေများနှင့် အခြားမြေများ အား အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုများအပေါ် မိမိတို့အစိုးရအဖွဲ့မှ ဥပဒေ၊ နည်းဥပဒေနှင့် အညီ ခွင့်ပြုချထားပေးရာတွင် စိုက်ပျိုးနိုင်သော မြေဧရိယာများ လျော့နည်းမှုမရှိစေရေး အနည်းဆုံး ဧရိယာကိုသာ ခွင့်ပြုချထားပေးလျက်ရှိကြောင်း၊ အခြားနည်းအသုံးပြုခွင့်ရရှိထားသည့် မြေများအား လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသူများအား စနစ်တကျ စိစစ်သွားရမည်ဖြစ်ကြောင်း၊ စက်မှု လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ Town Plan ရေးဆွဲရာတွင် တစ်ပါတည်းထည့်သွင်းရေးဆွဲ သတ်မှတ်ထားရန်နှင့် အဆိုပါဧရိယာအတွင်း၌သာ စက်မှုလုပ်ငန်းများ စနစ်တကျစိစစ် ခွင့်ပြုပေးသွား …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ပထမနေ့ကျင်းပပြုလုပ်

ပဲခူး ဇန္နဝါရီ ၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အ‌နောက်ဘက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်းတွင် ၂၀၂၂ခုနှစ် ဇန္န္ဝါရီလ(၁)ရက်နေ့ ညပိုင်းအချိန်က နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ပထမနေ့ကျင်းပပြုလုပ် သည်။ အဆိုပါ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများ၊ တရားနာပရိတ်သတ်များ လာရောက်ကြပြီး နိုင်ငံတော်သံဃ မဟာနာယက၊ သ.စ.သ.အ ဓမ္မာစရိယ၊ B.A(Myanmar)Q.PhD(India). မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ပဲခူးမြို့ သာမဏေကျော်စာသင်တိုက်များ၏ မဟာနာယကချုပ်ဆရာတော် ဒေါက်တာအရှင်ဝိစက္ခဏာလင်္ကာရာဘိဝံသမှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များကိုယ်စား လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် ဥပဒေချုပ်ဦးခင်မောင်တင့်တို့က ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်အား ဇန္နဝါရီလ(၂)ရက်နေ့ ဒုတိယနေ့တွင် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇဓမ္မာစရိယ …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၉ ============= ပဲခူးမြို့ ဥဿာမြို့သစ်အားကစားကွင်း၌ ဒီဇင်ဘာလ(၂၉)ရက်နေ့ ညနေပိုင်းအချိန်က ၂၀၂၁ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှု့အားပေးကြသည်။ ထို့နောက် အမျိုးသမီးမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသမီးမီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မြို့နယ်အသင်းများ၊ အမျိုးသား မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မြို့နယ်အသင်းများအား …

Read More »

ဒေသအတွင်း ဆီဖူလုံမှုရှိစေရေးနှင့် နွေစပါးအထွက်တိုး စိုက်ပျိုးထုတ်လုပ်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၂၉ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှေးဦးစွာ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ လုံခြုံရေးဂရုပြု ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားကြရန်၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နေကြာအား သီးညှပ်စိုက်ပျိုးသွားရန် စီမံချက်ချ ဆောင်ရွက်လျက်ရှိရာ ဖြစ်ထွန်းအောင်မြင်မှု ရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ မြေပြင်ကွင်းဆင်း စစ်ဆေးသွားရန်လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်စေရေး၊ စိုက်ဧက တိုးတက်စေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေ အခက်အခဲရှိပါက ခရိုင်အလိုက် Mobile Solar Pump စက်များ ထောက်ပံ့ပေးထားပြီးဖြစ်၍ အကျိုးရှိရှိသုံးစွဲကြရန် လိုအပ်ကြောင်း၊ သဘာဝဓါတ်မြေဩဇာအဖြစ် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူလယ်သမားများအား အသိပညာပေးဆောင်ရွက်ကြရန် …

Read More »

တင်ဒါလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၂၈ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဌာနဆိုင်ရာရုံးများ၊ စစ်ဆေးရေးဂိတ်များ လုံခြုံရေးအထူးဂရုစိုက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါသည် နှစ်ဝက်(Mini Budget) ဖြစ်၍ တင်ဒါလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုများအပေါ် သေချာစိစစ်၍ စိုက်ပျိုးနိုင်သည့် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေး ဌာနဆိုင်ရာ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်းနှင့် စစ်တောင်းမြစ် ကမ်းပြိုနေရာများ၌ ဒီရေကာကွယ်တောများ စနစ်တကျစိုက်ပျိုးနိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၈ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်သလို တိုင်းဒေသကြီး အတွင်းမှာရှိသော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေတိုးတက်ရရှိရေးအတွက် အရေးပါသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ရှိပြီးသားခရီးစဉ်ဒေသများကို သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသလို ခရီး စဉ် ဒေသအသစ်များကိုလည်း ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အင်း၊ ဆည်၊ ရေလှောင်တမံများမှာလည်း အပန်းဖြေစခန်းများ တည်ဆောက်နိုင်ရေး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျက် ရှိသူအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် (၂၂)ရာခိုင်နှုန်းခန့် ကျန်ရှိနေ၍ အပြည့်အဝ ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအနေ …

Read More »

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁) အစည်းအဝေးအား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်း စုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အား များများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအား ရသင့်ရထိုက်သည့် အခွင့်အရေးများ ခံစားရရှိနိုင်ရန်နှင့် ဥပဒေအရ အကာအကွယ်ပေးရမည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ရင်းနှီးမြှုပ်နှံသူများ ပိုမိုယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ပြီး တိုင်းပြည်ဝင်ငွေနှင့် ဒေသတွင်း အလုပ်အကိုင် ပိုမိုများပြားလာ နိုင်မည်ဖြစ်ကြောင်းနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော လျှပ်စစ်၊ ရေ၊ လမ်းများ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း …

Read More »