နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

နှစ်သစ်မင်္ဂလာ အခါသမယတွင် သက်ကြီး၊ ဝါကြီး၊ ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၁၇ (ပဲခူး) ================================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ၁၃၈ဝခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ၂၀၁၈ခုနှစ် ဧပြီလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသည့် နှစ်သစ်မင်္ဂလာအခါသမယတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သက်ကြီး၊ ဝါကြီး၊ ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးအုန်းမြင့်က နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် မြန်မာနှစ်ဆန်း(၁)ရက်နေ့သည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် မင်္ဂလာရှိပြီး လန်းဆန်းသစ်လွင်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ အဆိုပါ နေ့ထူးနေ့မြတ်မှာ “ဂါရဝေါစ”ဆိုသည့် မင်္ဂလာတရားတော်နှင့်အညီ ရိုသေသင့်ရိုသေထိုက်သူများ၊ ပူဇော်သင့်ပူဇော်ထိုက်သူများကို ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း၊ မြန်မာယဉ်ကျေးမှုနယ်ပယ်မှာ ကြီးသူကိုရိုသေ၊ ရွယ်သူကိုလေစား၊ ငယ်သူကိုသနား ဆိုသည့်စကားနှင့်အညီ မိမိထက်အသက်အရွယ် ကြီးမားပြီး အတွေ့အကြုံရင့်ကျက်သည့် အဘိုးအဘွားများကို ယနေ့ပူဇော်ကန်တော့ခြင်းသည် ကုသိုလ်ကြီးမားပြီး မင်္ဂလာရှိသည့် အစဉ်အလာတစ်ခုလည်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့်အညီ အဘိုးအဘွားများသည် မိသားစုနှင့် …

Read More »

မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြိုပွဲတော် ကျင်းပပြုလုပ်

3

ဧပြီ ၁၂ (ပဲခူး) ================           ဧပြီလ ၁၂ ရက်နေ့၊ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မြက်ခင်းပြင်၌ ၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြိုပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သင်္ကြန်ဟူသော စကားသည် “သင်္ကြန္တ”ဟူသော သက္ကတဘာသာစကားဖြစ်ပြီး “သကန္တ”ဟူသောပါဠိဟူသော စကားမှ ဆင်းသက်လာကာ “ပြောင်းလဲခြင်း၊ ကူးပြောင်းခြင်း”ဟု အဓိပ္ပါယ်ရရှိကြောင်း၊ နှစ်ဟောင်းရှိ အညစ်အကြေးများကို အတာရေစင်ဖြင့် ဆေးကြောပြီး နှစ်သစ်သို့ မင်္ဂလာရှိစွာ ကူးပြောင်းနိုင်ရေး အထိမ်းအမှတ် ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့(၁၂)လရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလအကြာမြင့်ဆုံး ကျင်းပသည့် ပွဲတော်ဖြစ်သကဲ့သို့ အထူးခြားဆုံးနှင့် ပျော်ရွှင်ကြည်နူစရာကောင်းသည့်အတွက် မြန်မာလူမျိုး တို့၏ စေတနာအလှကို ဖော်ပြခွင့်ရသော ပွဲလည်းဖြစ်ကြောင်း၊ ပူအိုက်သည့်နွေရာသီမှာ ကျင်းပ ပြုလုပ်ခြင်းကြောင့် ပူလောင်ခြင်းမှသက်သာစေရန် ရေစင်အေးအေးဖြင့် …

Read More »

ပဲခူးတိုင်ဒေသကြီးအတွင်းရှိ မြို့နယ်များ စည်ပင်သာယာရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် စက်ယန္တရားများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပြီးဖြစ်

FI

ဧပြီ ၁၁ (ပဲခူး) ==============           ပဲခူးတိုင်းဒေသကြီးသည် ခရိုင်(၄)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိရာ၊ မြို့နယ်တိုင်း မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွှတ်စေရန်အတွက် ပဲခူးတိုင်းဒေသကြီ အစိုးရအဖွဲ့မှ အဓိကဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။           ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် (5) Ton Back Hoe (အလတ်) (၂၈)စီး၊ အမှိုက်ကား Dump Truck(SKAT) (၉၆)စီး၊ အမှိုက်သိမ်းယာဉ် Hydraulic Garbage Truck (၁၄)စီး၊ အမှိုက်ကွန်တိန်နာပုံး (၄၀)လုံး၊ (၆၆၀)လီတာဆံ့ အမှိုက်ပုံး (၁၈၀)လုံးတို့အား ဝယ်ယူခဲ့သည်။           အဆိုပါဝယ်ယူခဲ့သည့် စက်/ယာဉ်/ယန္တရားများနှင့်ပတ်သက်၍ (5)Ton Back Hoe ယာဉ်အား မြို့နယ်(၁)ခုလျှင် (၁)စီးနှုန်းဖြင့်လည်းကောင်း၊ အမှိုက်ကား Dump Truck (SKAT) ယာဉ်အား ကျောက်တံခါး၊ ညောင်လေးပင်၊ တောင်ငူ၊ …

Read More »

ပဲခူးမြို့တွင်းပတ်လမ်းများ လမ်းထပ်မံတိုးချဲ့နိုင်ရန် ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

FI

ဧပြီ ၁၁ (ပဲခူး) =============           ဧပြီလ (၁၁)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးများ၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာများ လိုက်ပါလျက် ပဲခူးမြို့တွင်းပတ်လမ်းများ လမ်းထပ်မံတိုးချဲ့နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ တပင်ရွှေထီးလမ်းအား တိုးချဲ့ရန်နှင့် တပင်ရွှေထီးလမ်းနှင့် မဟာဗန္ဓုလလမ်း အဝင်တံတားများ ချဲ့သွားရန်၊ ကျောက်တွင်းကုန်းလမ်းဆုံမှ ကျောက်ကြီးစုရပ်ကွက် အဝင်လမ်းအား တိုးချဲ့ရန်၊ လမ်းချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ရေစီးရေလာ ကောင်းမွန်စေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ လမ်းညွှန်အမှတ်အသားများ အထင်အရှား ပါရှိစေရန်နှင့် လိုအပ်သည့်နေရာများ တွင် လူကူးမျဉ်းကြားများ ပြန်လည်ရေးဆွဲရန်၊ ခရီးသည်တင်ကားများ စနစ်တကျ ရပ်/တင်/ချ ဆောင်ရွက်နိုင်ရန် ဘတ်(စ်)ကားမှတ်တိုင်များ စီစဉ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။           …

Read More »