ပဲခူး ဩဂုတ် ၁ ==================== ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တို်ငးဒေသကြီးအတွင်း၌ ခရိုင်(၆)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိပြီး နေရာဒေသမရွေး အချိန်နှင့်တစ်ပြေးညီ သွားလာနိုင်ကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှသာ ဖော်ဆောင်ပေးနိုင် မှာဖြစ်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်တွင်ပါရှိသည့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရန် တာဝန်ရှိကြောင်း၊ လိုအပ်လာပါက နည်းပညာ အကူအညီ ရယူ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေအလိုက် တာဝန်ပေးအပ်ထားသည့် နယ်ထိန်းများအနေဖြင့် နယ်ထိန်းလုပ်ငန်း များကို တိတိကျကျ ပီပီပြင်ပြင် ဆောင်ရွက်ကြရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက််ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ ၂…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၅ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရ…
ပဲခူးမြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ MSME ဒေသထွက်ကုန်များ အရည်အသွေး မြှင့်တင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းဝေးခန်းမ၌ ယမန်နေ့ မွ…
ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပဉ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပဥ္စမအကြိမ်)မြောက် ဆ…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇူလိုင် ၃၁ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဘုရားဈေးသို့ ရောက်ရှိခဲ့ရာ ဈေးရုံများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး မြေပြင်သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဈေးအတွင်း ရေဝင်ရောက်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ယာယီဈေးဆိုင်ခန်း နေရာချထားပေးနိုင်ရေး၊ ဈေးအတွင်း ကွန်ကရစ်လမ်းများခင်းရန်၊ ဈေးပတ်လမ်း ကျူးကျော်မှုမရှိစေရေးနှင့် ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗဟိုကုန်စိမ်းသားငါးဈေးသို့ ရောက်ရှိခဲ့ပြီး ကားအဝင်/အထွက်လမ်းများ ကောင်းမွန်စေရေး၊ ဈေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် အမှိုက်သိမ်းစနစ် ကောင်းမွန်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ …
Read More »တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား
ပဲခူး ဇူလိုင် ၂၉ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း ရာသီဥတုအခြေအနေအရ မိုးစပါးနှင့်မိုးသီးနှံများအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးမည် ဖြစ်၍ မြို့နယ်အလိုက် စိုက်ပျိုးရေ အခက်အခဲများရှိပါက တင်ပြပေးရန်နှင့် လိုအပ် ပါကဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)အား Server Program အတွင်း ထည့်သွင်းမှုသည် နိုင်ငံတော်စီမံကိန်းဖြစ်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်ချက်များအလိုက် အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ …
Read More »ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်နေသဖြင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် အရေးကြီးကြောင်း ဝန်ကြီးချုပ်ပြောကြား
ပဲခူး ဇူလိုင် ၂၉ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ အမြန်ပြန်လည်ဦးမော့လာစေ ရေးနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ တိုင်းဒေသကြီး အတွင်း ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှု လျော့ပါးလာခြင်းနှင့်အတူ ပဲခူးမြို့တစ် ခုတည်း နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုအနေဖြင့် ဇူလိုင်လအတွင်း Package Tour ခရီးစဉ်(၅) ကြိမ်၊ ထိုင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခဲ့ကြကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းအဆောက်ဦ၊ ကျုံး၊ မြို့ရိုးများအား ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွားနေရာ သစ်များဖော်ထုတ် ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့်အတူ မြို့ပြသန့်ရှင်းသာယာလှပစေရေးကိုလည်း …
Read More »တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) စပါးမျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ် ကွက် ဓါတ်မြေဩဇာ ကြဲပတ်နေမှုအား သွားရောက်ကြည့်ရှုအားပေး
ဝေါ ဇူလိုင် ၂၆ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း တောင်သူလယ်သမားဘဝဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာ အုပ်စုရှိ စိုက်ပျိုးရေးရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီး ဌာနမှူးမှ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြ ခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူ တွက်ခြေကိုက်ပြီး အထွက်တိုးကာ ရက်တိုသည့် မျိုးကောင်းမျိုးသန့် စပါးမျိုးများ အလွယ်တကူရ ရှိစေရေး၊ သဘာဝမြေဩဇာ ထုတ်လုပ်နည်းများ အသိပညာပေးဆောင်ရွက်ရန်၊ ကျွဲနွားမွေးမြူသူများအား ပရိုတင်း ဓါတ်ကြွယ်ဝသည့် နေဗီယာမြက်စိုက်ပျိုးစေရေးနှင့် ဒေသကြက် တွဲဖက်မွေးမြူနိုင်ရေး စည်းရုံး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး မြေဆွေးမှ သဘာဝမြေဩဇာပြုလုပ်ထားရှိမှုနှင့် တောင်သူ(၁၁)ဦးပိုင် တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website